ကျွန်ုပ်တို့အကြောင်း
ပထမဆုံး Logiscool ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၌ Budaörs (Hungary) တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ကမ္ဘာအနှံ့ရှိ နေရာများစွာတွင် သင်ကြားပေးနေပြီဖြစ်ပါသည်။ ကျွန်ုပ်တို့၏ကျောင်းအရေအတွက်နှင့် ကျောင်းသားအရေအတွက်များမှာ တစ်နှစ်ထက်တစ်နှစ် သိသိသာသာတိုးတက်နေပါသည်။ ကျွန်ုပ်တို့၏ အတန်းများနှင့် camp များတွင် သင်တန်းသားများသည် ပရိုဂရမ်ရေးဆွဲခြင်းကို ပျော်စရာကောင်းသော အတွေ့အကြုံတစ်ခုအဖြစ် ကြုံတွေ့ခံစားရမှာဖြစ်ပါတယ်
သင်ကြားပုံ





သင့်ကလေးအနာဂတ်ကို အတူတူမြှင့်တင်ကြပါစို့

ပရိုဂရမ်ရေးဆွဲခြင်းနှင့် ဒစ်ဂျစ်တယ်ပညာရပ်ကို လူတိုင်းသင်ယူနိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့သင်ရိုးညွှန်းတမ်းထဲတွင် ကလေးတွေ စာသင်တဲ့အခါ ပျော်ရွှင်စေဖို့ ဂိမ်းပုံစံဖြင့် ခေတ်မီတဲ့ သင်ခန်းစာများပါဝင်ပါတယ်။ သင်ခန်းစာများအားလုံးကို အသက်အရွယ်အမျိုးမျိုးနဲ့ သင့်တော်သည့်ပုံစံမျိုး ဖန်တီးပေးထားပြီး လူတိုင်းအတွက် အဆင်ပြေအောင် စီမံပေးထားပါတယ်။

ကျွန်ုပ်တို့သည် ကလေးငယ်များအား ဒစ်ဂျစ်တယ်ပညာ၏ ပျော်စရာကောင်းပုံကို သင်ကြားပေးဖို့ တစိုက်မတ်မတ်လုပ်ဆောင်ထားပါသည်။ ကျွန်ုပ်တို့၏နည်းလမ်းသည် ကျွမ်းကျင်မှုနှင့် စံချိန်မီ ပထမတန်းစားသင်ကြားမှုများကို အခြေခံထားပြီး အွန်လိုင်းသင်တန်းအတွက်ရော လူကိုယ်တိုင်သင်ယူသည့် သင်တန်းအတွက်ပါ အထင်ကြီးအားကျဖွယ် ပတ်ဝန်းကျင်တစ်ခုကို ပံ့ပိုးပေးထားပါသည်။

ကျွန်တော်တို့ရဲ့ ထူးခြားပြီး ကောင်းမွန်တဲ့ အားသာချက်တွေကတော့ digital literacy ကိုသင်ပေးနေတဲ့ သင်တန်းက ကမ္ဘာ့အဆင့်မီ ပညာရေးပလက်ဖောင်းတွေဖြစ်နေတာပါပဲ။ သူတို့ဟာ visual coding blocks ကနေ text-based coding ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူကူးပြောင်းလို့ရအောင် တီထွင်ဆန်းသစ်မှုတွေနဲ့ ဖန်တီးပေးထားပါတယ်။
ကလေးများသည် ဒစ်ဂျစ်တယ်စက်ပစ္စည်းများနှင့် ဖက်တွယ်ကြီးပြင်းလာသူများဖြစ်ပါသည်။ သို့သော် သူတို့သည် ကိုယ်တိုင်တီထွင်ဖန်တီးသူများထက် တစ်ဆင့်ခံသုံးစွဲသူများသက်သက်သာဖြစ်နေပါသေးသည်။ Coding က ကလေးများကို တွေးခေါ်နည်းသင်ကြားပေးပြီး ခွဲခြမ်းစိတ်ဖြားပြီးတွေးနိုင်စွမ်းနှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတွေကို ပေးအပ်ထားကာ သူတို့၏ တီထွင်ဖန်တီးမှုအစွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကိုလည်း ပိုပြီးတိုးလာအောင် လုပ်ဆောင်ပေးပါသည်။
တည်ထောင်တဲ့ခုနှစ်
နိုင်ငံများ
တည်နေရာများ
ကျောင်းသား/သူများ

Logiscool သည် ပျော်စရာစာသင်နည်းကိုအခြေခံထားတဲ့ coding ကျောင်းခွဲပေါင်းများစွာကို နိုင်ငံတကာသို့ အလျင်အမြန်တိုးချဲ့ပေးနေပါသည်။ ကျွန်ုပ်တို့၏ သင်ရိုးညွှန်းတမ်းသည် အသက် ၆-၁၈ နှစ်ကလေးများနှင့် သင့်တော်ပြီး မိဘများကလည်း ကလေးများရဲ့တိုးတက်မှုကို အလွယ်တကူပင် ကြည့်ရှုနိုင်ပါသည်။

Computer coding သည် နောင်အနာဂတ်၏ စာပေတစ်ခုဖြစ်သော်လည်း ကျောင်းအနည်းငယ်သာ ဤဘာသာရပ်ကို သင်ကြားပေးလျက်ရှိပါ။ ကျွန်ုပ်တို့၏ coding သင်ရိုးများသည် ကလေးများအား ဒစ်ဂျစ်တယ်ကမ္ဘာကြီးတွင် ကျွမ်းကျင်မှုနှင့် ယုံကြည်မှုရှိစေရန် ကူညီပေးသွားမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ်ပညာကို တဆင့်မြှင့်တင်ပေးနိုင်မည့် အခွင့်အရေးမျိုးကို မည်သည့်ကျောင်းမျှ လက်လွတ်မခံသင့်ပါ။

Logiscool သည် ကလေးများ ဒစ်ဂျစ်တယ်ပညာကို သင်ယူလေ့လာပြီး တိုးတက်နိုင်စေရန် ကတိပြုထားတဲ့အတွက် ကျွန်ုပ်တို့သည် ကမ္ဘာအနှံ့ရှိကျောင်းများအတွက် ပညာရှင်များ၏ အကူအညီများကို ရယူထားပါသည်။ ကျွန်ုပ်တို့၏ ကျောင်းချိန်ပြင်ပ အတန်းများနှင့်camp များအပြင် များစွာသောအကြောင်းအရာများနှင့် ပုံစံများအတွက် သင်ရိုးပြင်ပလုပ်ဆောင်ချက်များနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအတွက် လေ့ကျင့်ခန်းများကို အခမဲ့ပံ့ပိုးပေးသွားမည်ဖြစ်သည်။

ဂုဏ်ယူစရာဆုတံဆိပ်များ
Said about us
ကျွန်တော်တို့ရဲ့ သတင်းတွေနဲ့ ပရိုဂရမ်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းတွေကို ရယူချင်ပါသလား။
ကျွန်တော်တို့ရဲ့ မိဘများအတွက် သတင်းလွှာကို Subscribe လုပ်ပြီး ကျွန်တော်တို့ blog ရဲ့နောက်ဆုံးတင်တဲ့ ပို့စ်များအတွက် အသိပေးချက်ကို ရယူလိုက်ပါ။