ဆုရ လုပ်ငန်းခွဲတစ်ခုကို စတင်လိုက်ပါ။

ကွန်ပျူတာသိပ္ပံကို ငယ်ငယ်တည်းက သင်ယူခြင်းကအရေးကြီးတဲ့အကြောင်း သိလာတဲ့ မိဘတွေပိုပိုပြီးများလာပါပြီ။ ဒါပေမဲ့လည်း ဒီလောက်နဲ့တင်မပြီးသေးပါဘူး။ ဒစ်ဂျစ်တယ်ပညာတွေတတ်မြောက်ဖို့ ကလေးတွေအတွက် လိုအပ်တဲ့ ဗဟုသုတနဲ့စွမ်းရည်တွေကို သင်ပေးဖို့လည်း လိုပါသေးတယ်။ အွန်လိုင်းပေါ်မှာ ဘေးကင်းဖို့နဲ့ အွန်လိုင်းပေါ်က ပြောဆိုဆက်ဆံရေးအပြင် ကွန်ပျူတာကို ဉာဏ်ရှိရှိအသုံးပြုဖို့၊ အရေးကြီးတဲ့သတင်းတွေကို သိဖို့နဲ့ သူများစာတွေကို ဖတ်ရာကနေ ကိုယ်တိုင်လည်း ဆန်းသစ်တဲ့ content တွေကိုဖန်တီးနိုင်ဖို့တွေလည်း ပါဝင်ပါတယ်။
ကလေးတွေဟာ ဒစ်ဂျစ်တယ်လောကမှာ ယုံကြည်မှုအပြည့်ရှိတဲ့ ဖန်တီးသူတွေဖြစ်လာသင့်ပါတယ်။
တည်နေရာများ
၃၆၀+
နိုင်ငံများ
၃၀
5
ကျောင်းသား/သူများ
၂၆၀,၀၀၀+
ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုများ - သင့်အတွက် အကျိုးကျေးဇူးများ

လုပ်ငန်းစတင်တဲ့ ပထမ ၁ ရက်တည်းကပင် သင် အကျိုးအမြတ်ရနိုင်ပါတယ်။
၂ နှစ် ၃ နှစ်အတွင်းမှာပဲ ရင်းနှီးမြှုပ်နှံထားသမျှ အပြည့်အဝ ပြန်ရနိုင်ပါတယ်
အမြတ်ငွေအများဆုံး ရနိုင်တဲ့လုပ်ငန်းများ (သင်တန်းများ၊ camps၊ workshops၊ events)

ကျွန်တော်တို့ရဲ့ အလုပ်ကြိုးစားတဲ့ ပညာရှင်များက နွေးထွေးစွာကြိုဆိုလမ်းပြခြင်း
ဆောင်ရွက်ချက်များကို ဆက်လက်ပံ့ပိုးပေးပြီး အတန်းတွင်း အကောင်းဆုံးစီမံခန့်ခွဲပေးနိုင်ခြင်း
အရင်က IT ပညာရေးတတ်ဖူးသူဖြစ်ရန်မလိုခြင်း

နိုင်ငံတကာအဓိကစံနှုန်းများနဲ့ကိုက်ညီတဲ့ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်း
ထူးခြားတဲ့နည်းစနစ်၊ ကလေးတွေရဲ့ အသက်အရွယ်၊ ပညာအရည်အချင်းနဲ့ လုံးဝကိုက်ညီခြင်း
ကလေးတွေအတွက် ပြိုင်ဘက်ကင်းတဲ့ ပညာရေးနယ်ပယ်တစ်ခု

- နောက်မျိုးဆက်တွေအတွက် အနာဂတ်ကို ပြောင်းလဲပေးချင်ရင်
- အောင်မြင်တဲ့စီးပွားရေးကို ဖန်တီးလိုလျှင်
- အကောင်းမြင်စိတ်ရှိပြီး ရိုးသားပွင့်လင်းတဲ့ သူဖြစ်လျှင်
- အလုပ်ကြိုးစားပြီး စွန့်ဦးတီထွင်ချင်စိတ်ရှိသူဖြစ်လျှင်
ကျွန်တော်တို့ရဲ့ ဂုဏ်ယူစရာဆုတံဆိပ်များ
ပြိုင်ဘက်ထက် နှာတစ်ဖျားအသာယူလိုက်ပါ။
၁။ အသက် ၆ နှစ်ကနေ ၁၈ နှစ်ကလေးများအတွက် သင်တန်းများ၊ workshops နဲ့ holiday camps ပါတဲ့ အကျယ်ပြန့်ဆုံး စီးပွားရေးလုပ်ငန်းကြီး

၂။ ကမ္ဘာအဆင့်မီ သင်ရိုးညွှန်းတမ်း၊ အကောင်းဆုံးအဖြစ် အသိအမှတ်ပြုခံထားရခြင်း
ကျွန်တော်တို့ရဲ့ ကမ္ဘာ့အဆင့်မီ မော်ဂျူလာသင်ရိုးညွှန်းတမ်းက နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီရုံသာမကပါဘူး၊ နိုင်ငံတကာပညာရေးအဖွဲ့အစည်း EAF ကလည်း မကြာသေးမီက အကောင်းဆုံးကျောင်းအဖြစ် အသိအမှတ်ပြုပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ သင်တန်းတွေဟာ ကလေးတိုင်းရဲ့အသက်အရွယ်အလိုက် သင်ယူနိုင်ပြီး ကျွမ်းကျင်သွားရုံသာမက ပျော်စရာလည်း ကောင်းဦးမှာပါ။
ဒီနေ့ခေတ် coding ပညာရေးမှာ အဓိကပြဿနာကြီးနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ကလေးတွေအတွက် ပုံမှန်ဆိုရင် visual blocks နဲ့စတင်သင်ပေးပါတယ်။ ဒီ visual blocks တွေဟာ ကလေးတွေအတွက် ရှုပ်ထွေးပြီး လူကြီးတွေအတွက် ပျင်းစရာသိပ်ကောင်းပါတယ်။ နောက်ထပ်အခက်အခဲကတော့ blocks ပြီးရင် text-based coding ကို ပထမဆုံးသင်ရတဲ့ စိုးရိမ်ထိတ်လန့်မှုပဲဖြစ်ပါတယ်။

၄။ Best International Brand - EFF, 2022

Logiscool ရဲ့ ကလေးတွေဟာ ကျွန်တော်တို့ရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Mylogiscool မှာဆိုရင် သူတို့တွေဟာ ဒါတွေလုပ်နိုင်ပါတယ်
- သူတို့ကိုယ်ပိုင်ဂိမ်းတွေကို မျှဝေပေးနိုင်ပြီး သက်တူရွယ်တူတွေရဲ့ အထင်ကြီးအားကျမှုကို ရနိုင်သလို ကမ္ဘာအနှံ့က ပရောဂျက်တွေကိုလည်း တွေ့နိုင်ခြင်း
- စိတ်လှုပ်ရှားရတဲ့ ဉာဏ်စမ်းတွေ၊ ပဟေဠိ၊ အမှတ်မြင့်တဲ့ ဂိမ်းတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အသိပညာတွေတိုးတက်လာခြင်း
- အမြဲတမ်းပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ အသစ်အဆန်းတွေ၊ ခေတ်စားနေတာ၊ နာမည်ကြီးနေတဲ့ အကြောင်းအရာတွေကို သိရှိသွားနိုင်ခြင်း
- ကျွန်တော်တို့ mission တွေမှာပါဝင်ပြီး ဆုတွေ ရယူနိုင်ခြင်း။

ကလေးတွေက ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ ဖက်ပြီးကြီးပြင်းလာရသူတွေပါ။ သူတို့ စာမရေးတတ် မဖတ်တတ်ခင်တည်းကပင် ဒီပစ္စည်းတွေကို ကောင်းကောင်းသုံးတတ်နေပါပြီ။ ဒါပေမဲ့ သူတို့က ကိုယ်တိုင်ဖန်တီသူးတွေ မဟုတ်ဘဲ သူများဖန်တီးထားတာတွေကိုပဲ သုံးနေရသူသက်သက်တွေဖြစ်နေပါသေးတယ်။ ငယ်ငယ်တည်းက coding နဲ့ digital literacy ကို သင်ယူထားတဲ့အခါ ကလေးတွေဟာ ကွန်ပျူတာသိပ္ပံအကြောင်းကို အများကြီးပိုပြီးသိလာမှာပါ။ Coding က ကလေးတွေကို တွေးခေါ်ပုံ၊ ပြဿနာဖြေရှင်းပုံတွေကို သင်ကြားပေးပြီး ကလေးတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ ယုံကြည်မှုတွေကိုလည်း တိုးအောင်ပြုလုပ်ပေးနိုင်ပါတယ်။
Said about us





