သင်တဲ့နေရာနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ လမ်းပြပေးဖို့အတွက် ကျွမ်းကျင်သူတွေဖြစ်ပါတယ်။
ကျွန်တော်တို့က ကလေးတွေအတွက် coding၊ artificial intelligence နဲ့ digital literacy ပညာရေးမှာ ရှေ့ကဦးဆောင်လမ်းပြပေးနေသူတွေပါ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံ၊ နည်းပညာ၊ သင်တန်းနည်းပြတွေက ဘယ်ကလေးတိုင်းကိုမဆို အောင်မြင်မှုတစ်ခုကို ပျော်စရာကောင်းတဲ့ သင်ကြားနည်းနဲ့ ရယူပေးဖို့အတွက် သေချာအာမခံပေးနိုင်ပါတယ်။
ကျွန်တော်တို့သင်ကြားမှုရဲ့ အဓိကအားသာချက်ကို ရှာဖွေကြည့်ခြင်း

သီအိုရီကိုအသုံးချပြီး ပရောဂျက်ကိုလက်တွေ့ဖန်တီးရသည့် လက်တွေ့ကျကျသင်ယူမှု၏စွမ်းအားကိုလည်း တွေ့ကြုံရမှာပါ။ ထိုချဥ်ကပ်ပုံနည်းလမ်းသည် ရလဒ်များကို ရေရှည်ကောင်းမွန်စေပြီး ကလေးများဆက်လက် ကြီးထွားဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခုကိုလည်း ဖန်တီးပေးပါသည်။

ကလေးများအတွက်သာ ရည်ရွယ်စိတ်နှစ်လုပ်ဆောင်ထားခြင်း - ကျွန်ုပ်တို့၏ ဂုဏ်ယူဖွယ်ကောင်းသည့် သင်ရိုးညွှန်းတမ်းသည် အသက်အရွယ်အားလုံးနှင့် ကျွမ်းကျင်မှုအဆင့်အားလုံးအတွက် တာဝန်ယူပေးထားပါသည်။ ကလေးများသည် ပျော်ပျော်ရွှင်ရွှင်သင်ကြားရင်းဖြင့် သဘောတရားများကို ပင်ပန်းကြီးစွာ အားစိုက်မထုတ်ရဘဲ သိရှိသွားကာ အကြိုက်တွေ့သွားမှာဖြစ်ပါသည်။

AI ကို ကျွန်တော်တို့ရဲ့ သင်ရိုးညွှန်းတမ်း၊ နည်းလမ်းများနှင့် ပလက်ဖောင်းများတွင် အနာအဆာမရှိပေါင်းစပ်ထည့်သွင်းပေးထားပါသည်။ AI အသုံးပြုနည်း နှင့် AI အလုပ်လုပ်နည်းသက်သက်ကိုသာ သင်ကြားပေးရုံမဟုတ်ဘဲ — အစမှစ၍ သင်ခန်းစာတိုင်းတွင် ထည့်ပေးထားပါသည်။ AI သည် လျှင်မြန်စွာပြောင်းလဲဖြစ်ပေါ်နေသော်လည်း ၎င်း၏ စီစဥ်ဆောင်ရွက်ပုံကို အလုံးစုံနားလည်ရန်အတွက်လိုအပ်သည့် အခြေခံစွမ်းရည်များသည် မပြောင်းမလဲဘဲ ကြာရှည်တည်တံ့နေပါသည်။

ကလေးများကို သစ်လွင်လတ်ဆတ်သည့် စိတ်နေစိတ်ထားတစ်ခုကို ထွက်လာစေခြင်း - ကျွန်ုပ်တို့၏ နည်းပညာသည် ဝေဖန်ပိုင်းခြင်းနိုင်သည့် အတွေးအခေါ် အား ပိုကောင်းလာစေပြီး ပိုင်းခြားစိတ်ဖြာနိုင်စွမ်း ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင်ပေးကာ တစ်ဖက်မှာလည်း တီထွင်ဖန်တီးမှုနှင့် သိမြင်နိုင်မှုစွမ်းရည်တွေကို ပျိုးထောင်ပေးပါသည်။ ဤကဲ့သို့ အဖိုးတန်လှသည့် စွမ်းရည်များသည် ပစ္စပ္ပုန်မှာရော အနာဂတ်အထိပါ ကြာရှည်ခံပြီး သူတို့လေးများအတွက် အကျိုးကျေးဇူးရရှိစေပါသည်။

အဖွဲ့ငယ်ထဲတွင် ကလေးများသည် သူတို့ကိုယ်ပိုင်ပရောဂျက်များကို တီထွင်ဖန်တီးသူများဖြစ်လာသည်။ သူတို့လေးတွေကို ကျွန်ုပ်တို့နည်းပြများက အမြဲမပြတ်ဂရုတစိုက်ရှိသကဲ့သို့ သူတို့နှင့်ရွယ်တူသူငယ်ချင်းများ၏ လေးစားအားကျမှုကိုလည်း ရရှိမှာဖြစ်ပါတယ်။ ဒါအပြင် သူတို့ရဲ့ ကြီးထွားမှုကို ထပ်လောင်းအားဖြည့်ပေးမည့် စုပေါင်းလုပ်ဆောင်မှုအသိုင်းအဝိုင်းတစ်ခုကို ပုံဖော်ပေးနိုင်မှာဖြစ်ပါသည်။

ကလေးများအတွက် ခိုင်မာပြတ်သားသည့် အပြုသဘောဆောင်သောတုံ့ပြန်မှုနှင့် တိုက်တွန်းအားပေးမှုရှိသော ခင်မင်နှစ်လိုပြီး အားကျဖွယ်ကောင်းသည့် နေရပ်တစ်ခုသို့ ဝင်ရောက်ခြင်း။ ယခုလိုမျိုး ပြုစုပျိုးထောင်ပေးသည့် ပတ်ဝန်းကျင်သည် သူတို့၏ယုံကြည်မှုကို တိုးစေပြီး စိတ်အားတက်ကြွမှုကို အမြင့်ဆုံးသို့ရောက်ရှိစေပါသည်။

ငယ်ရွယ်ပြီး အသင်အပြကောင်းတဲ့ နည်းပြများ - အကောင်းဆုံးများသာ။
- ကျွန်တော်တို့ရဲ့နည်းပြတွေဟာ နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်အတတ်ပညာတွေကို တတ်ကျွမ်းထားတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ။
- ကျွန်တော်တို့ သင်တန်းတွေကိုလည်း စံချိန်မီလုပ်ဆောင်ထားပြီး ပညာရှင်တွေနဲ့ အရည်အချင်းရှိ သင်တန်းဆရာတွေကသာ ကလေးတွေကို သင်ကြားပေးတာပါ။
- သူတို့အသက်အရွယ်နဲ့ စိတ်ဓာတ်တွေက ကျွန်တော်တို့ကျောင်းသားတွေနဲ့ နီးစပ်တာကြောင့် ကလေးတွေက သူတို့ကို စံပြပုဂ္ဂိုလ်တွေအဖြစ် မှတ်ယူနိုင်ပါတယ်။
ကျွန်တော်တို့နဲ့ သင်ကြားပြီး အကောင်းဆုံးနည်းကို ရှာဖွေလိုက်ပါ။

တည်နေရာတွင်
- အားကျအတုယူဖွယ် ပတ်ဝန်းကျင်
- လူတိုင်းကို Laptops ပေးထားပါတယ်
- အဖွဲ့လိုက် ဒါမှမဟုတ် တစ်ဦးချင်း

အဖွဲ့လိုက်
- အတွေ့အကြုံတွေအများဆုံးရရှိဖို့ အဖွဲ့ငယ်လေးများဖွဲ့ပေးခြင်း
- စာသင်ခန်းထဲမှာ အများဆုံးကျောင်းသား ၁၂ ဦးသာ ထားရှိခြင်း
- ကလေးတွေက အချင်းချင်းအားကျအတုယူခြင်း

online
- အဖွဲ့လိုက် (၆-၈ ကလေးများ) ဒါမှမဟုတ် တစ်ဦးချင်း
- ဘယ်နေရာကမဆို အလွယ်တကူ သင်ယူနိုင်ခြင်း
- သက်သောင့်သက်သာရှိပြီး အကူအညီများရှိခြင်း

တစ်ဦးချင်းအတန်း
- တစ်ဦးချင်းတိုးတက်မှုကို အကဲဖြတ်နိုင်ခြင်း
- ကလေးရဲ့သင်ယူနိုင်စွမ်းအတိုင်း သင်ယူနိုင်ခြင်း
- ပြောင်းလဲလွယ်တဲ့ အချိန်ဇယား

Said about us
နောက်ထပ်အချက်အလက်များတွက် ကျေးဇူးပြု၍ ကျွန်ုပ်ကို ဆက်သွယ်ပါ။
ကျွန်တော်တို့ရဲ့ သတင်းတွေနဲ့ ပရိုဂရမ်တွေနဲ့ပတ်သက်ပြီး နောက်ဆုံးသတင်းတွေကို ရယူချင်ပါသလား။
ကျွန်တော်တို့ရဲ့ မိဘများအတွက် သတင်းလွှာကို Subscribe လုပ်ပြီး ကျွန်တော်တို့ blog ရဲ့နောက်ဆုံးတင်တဲ့ ပို့စ်များအတွက် အသိပေးချက်ကို ရယူလိုက်ပါ။