Unity engine၊ ဂိမ်းတွေကို ဒီလိုဖန်တီးတယ်

Coding & Tech
Logiscool
၁၅ ဇွန် ၂၀၂၃

ဗီဒီယိုဂိမ်းတွေကို သင့်ကလေးတွေ စိတ်ဝင်စားပါသလား။ သူတို့ရဲ့အားလပ်ချိန်တွေကို အကျိုးရှိရှိကုန်ဆုံးပြီး ဒစ်ဂျစ်တယ်ပညာရပ်ကို ဖန်တီးနိုင်တဲ့သူလေးတွေ ဖြစ်စေချင်ပါသလား။

ဒါဆိုရင်တော့ ဒီအောက်က ဆောင်းပါးကို သင်ဖတ်ကြည့်သင့်ပါပြီ။ ကလေးတွေအတွက် အထူးသီးသန့်ဖန်တီးထားတဲ့ Unity engine နှင့် Unity သင်ရိုးအကြောင်း လေ့လာခြင်း။ကဲ ရှာဖွေကြည့်လိုက်ကြပါစို့။

  • Unity engine ဆိုတာဘာလဲ

  • ကလေးတွေ အတွက်coding သင်တန်းတွေကဘာလို့ ကောင်းတာလဲ။

  • Logiscool ရဲ့ Unity သင်တန်းကနေ ကလေးတွေ ဘာတွေတတ်သွားမှာလဲ။

Unity engine ဆိုတာဘာလဲ။

Unity engine ဆိုတာ ပလက်ဖောင်းမျိုးမှာ အသုံးပြုနိုင်တဲ့ နာမည်ကြီးဂိမ်းအင်ဂျင်ဖြစ်ပြီး Unity Technologies ကဖန်တီးထားတာပါ။ ၂၀၀၅ ခုနှစ် ဇွန်လက Apple Worldwide Developers အစည်းအဝေးကနေပြီး သူ့ကို Mac OS X ဂိမ်းအင်ဂျင်အဖြစ် စတင်ခဲ့ပါတယ်။ နောက်ပိုင်း PC၊ mobile၊ console နှင့်VR စတဲ့ပလက်ဖောင်းအမျိုးမျိုးမှာ အသုံးပြုနိုင်ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ iOS နှင့် Android ဂိမ်းတီထွင်ရေးဆွဲမှုအတွက် နာမည်ကျော်အင်ဂျင်ဖြစ်လာပြီး လက်ရှိ mobile apps တွေထဲက တဝက်ကျော်ကျော်မှာ အသုံးပြုထားပါတယ်။

Unity engine အသုံးပြုနည်းကို သင်ယူနေသည့် လူငယ်ကောင်လေး

Unity သင်ရိုး

Logiscool ရဲ့ Unity အတန်းမှာတော့ ကလေးတွေကို နာမည်ကျော် ဗီဒီယိုဂိမ်းအင်ဂျင်တစ်ခုသုံးနည်းကို သင်ပေးမယ့်အပြင် C# programming အခြေခံအချက်တွေနဲ့ virtual reality ကိုပါထိတွေ့ သင်ယူနိုင်မှာဖြစ်ပါတယ်။

Unity engine အသုံးပြုနည်းကို ဘယ်လိုသင်ယူရမှာလဲ။

ဒီသင်တန်းကို ကလေးတွေနဲ့မိဘတွေရဲ့သဘောအတိုင်း အွန်လိုင်းအတန်း၊ in class အတန်းနဲ့ တစ်ဦးချင်းအတန်းတွေနဲ့ သင်ယူနိုင်ပြီး ကလေးအသက်အရွယ်၊ သင်ယူနိုင်စွမ်းနဲ့လိုက်ပြီး သင်ကြားပေးပါတယ်။

Unity သင်ရိုးကို တက်ရောက်ခြင်းဖြင့် ကလေးတွေ ယုံကြည်မှုပိုတိုးလာပြီး Angry Birds 2၊ Temple Run သို့မဟုတ် Pokemon GO လိုမျိုး နာမည်ကြီးဂိမ်းများဖန်တီးပေးတဲ့ ပတ်ဝန်းကျင်ထဲသို့ ရဲရဲဝံ့ဝံ့တိုးဝင်နိုင်မှာဖြစ်ပါတယ်။ ဒီသင်တန်းမှာ 2D၊ 3D ဂိမ်းတွေ၊ နိုင်ငံတကာမှာသုံးနေတဲ့ နာမည်ကျော် C# programming ဘာသာစကားထဲက object-oriented ပရိုဂရမ်ရေးဆွဲခြင်း အကြောင်းကို သင်ယူရမှာပါ။ ဒါတွေတင်မကသေးပါဘူး ကလေးတွေအနေနဲ့ အခုလက်ရှိရေပန်းအစားဆုံးဖြစ်တဲ့ virtual reality (VR) ရဲ့အခြေခံအချက်တွေကိုလည်း သိသွားဦးမှာပါ။

တက်ရောက်ရန်အတွက် လိုအပ်ချက်များ

သင်တန်းနဲ့ သင်ရိုးရှိ သင်ခန်းစာများအရ Grades 6-12ကျောင်းသားတွေအနေဖြင့် Unity engine လည်ပတ်ပုံကို သင်ယူသင့်ပါတယ်။ Unity သင်တန်းတက်ရန် အခြေခံလိုအပ်ချက်မှာ Logiscool ရဲ့ MIX 312 သင်တန်း ဒါမှမဟုတ် အဆင့်မြင့်ပရိုဂရမ်ရေးဆွဲခြင်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုထားဖို့လိုပါတယ်။ ကျောင်းကိုလာတက်ရမယ့် သင်တန်းများအတွက် - ကလေးများအတွက် coding သင်တန်း အပါအဝင် -ကျွန်တော်တို့က လိုအပ်တာမှန်သမျှ ပံ့ပိုးပေးထားပါတယ်။

သင့်ကလေးက အိမ်ကနေတက်နိုင်သည့် အွန်လိုင်းအတန်းကို စိတ်ဝင်စားရင်တော့ အောက်ပါပစ္စည်းတွေ လိုအပ်မှာပါ၊

  • စိတ်ချရသည့်အင်တာနက်ချိတ်ဆက်မှုရှိသည့် ကွန်ပျူတာတစ်လုံး

  • မိုက်ခရိုဖုန်း (ကွန်ပျူတာတွင်ပါခြင်း သို့မဟုတ် ပြင်ပက) သို့မဟုတ် နားကြပ်

  • ဝက်ဘ်ကင်မရာ (အကြံပြုပါသည်)

အွန်လိုင်းကတစ်ဆင့် ဆက်သွယ်ပြောဆိုမှုများ ချောမွေ့စေရန် Logiscool သည် လိုအပ်သည့် ဆော့ဝဲလ်ကို ပံ့ပိုးပေးထားပါတယ်။

Logiscool ကိုလာပြီး ကြိုးစားကြည့်လိုက်ပါ

Digitalization က ဖွံ့ဖြိုးလာပြီး ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝကို မြန်မြန်ဆန်ဆန်ပြောင်းလဲသွားစေပါတယ်။ ဗီဒီယိုဂိမ်းများဖန်တီးပုံကို သိခြင်း၊ ပရိုဂရမ်ရေးဆွဲခြင်း ဘာသာစကားများကို အသုံးပြုခြင်းနှင့် virtual reality တို့ကို သိသွားတဲ့အခါ ကလေးတွေအတွက် အသုံးဝင်ပြီး နောက်ပိုင်းမှာ ဒီပညာနဲ့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

Logiscool Unity သင်တန်းက ကလေးများအတွက် သီးသန့်ဖန်တီးထာတဲ့ သင်ရိုးဖြစ်ပါတယ်။ Unity engine အလုပ်လုပ်ပုံကို သိသွားတဲ့အခါ နာမည်ကျော်ဂိမ်းတွေဖန်တီးပုံ၊ C# programming ဘာသာစကား၊ virtual reality ၏ အခြေခံအချက်များကို သိရှိသွားပြီး သင်တန်းပြီးတဲ့အခါ သူတို့လည်း ဂိမ်းတွေရေးဆွဲနိုင်တဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်နိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်းကို စိတ်ဝင်စားပြီး ပိုပြီးသိချင်တယ်ဆိုရင်တော့၊ UNITY 421