ကလေးတွေ သင်ယူနိုင်တဲ့ programming ဘာသာစကား ၃ ခု
ဒီနေ့ခေတ်မှာ ဒစ်ဂျစ်တယ်ပညာက ကျွန်တော်တို့အားလုံးရဲ့နေ့စဥ်ဘဝတွေထဲ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပါဝင်လာနေပြီဖြစ်လို့ ကလေးတွေကို coding သင်ပေးတာတွေ များလာပါတယ်။ ဒါပေမဲ့ code ရေးနည်းကို ကလေးတွေ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ ဘာတွေသုံးရမလဲဆိုတာကိုရော သင်တို့သိပါသလား။ အတိုဆုံးအဖြေကတော့ ပရိုဂရမ်းမင်းဘာသာစကားတွေပါပဲ။
ပရိုဂရမ်းမင်းဘာသာစကား၊ သင်တို့ သိထားကြတာကတော့ ပရိုဂရမ်းမင်းဆိုတာ သင်ဖို့အတော်ရှုပ်ထွေးတယ်ဆိုတာပါပဲ။ ဒါကြောင့် နောက်ထပ်မေးခွန်းက ဒီလောက်ခက်နေတဲ့ ပရိုဂရမ်းမင်းကို ကလေးတွေက ဘယ်လိုမျိုး ကောင်းကောင်းသင်ယူနိုင်မှာလဲ၊ နောက်ပြီး သူတို့ကိုယ်ပိုင် ကွန်ပျူတာဂိမ်းတွေကိုရော ဘယ်လိုလုပ် ပရိုဂရမ်ရေးနိုင်မှာလဲဆိုတဲ့အချက်ပါ။ ဒါကမျက်လှည့်ပညာလား။ ဟုတ်ပါတယ် Logiscool မှာဆိုရင်ပေါ့။ ကျွန်တော်တို့က ကလေးတွေအတွက် coding ကိုဘယ်လိုမျိုး သင်ရမလဲဆိုတဲ့ အချက်ကို ကောင်းကောင်းကြီးသိထားပါတယ်။

ပရိုဂရမ်းမင်း ဘာသာစကားတွေဆိုတာဘာလဲ။
ပရိုဂရမ်းမင်းဘာသာစကားဆိုတာကတော့ ကွန်ပျူတာနဲ့ ဆက်သွယ်ဖို့အတွက် ညွှန်ကြားချက်အစုံတွေ အမျိုးမျိုးဖန်တီးရတာကိုပြောတာပါ။ ပရိုဂရမ်းမင်းဘာသာစကားတွေကတစ်ဆင့် လူတွေဟာ သူတို့ကွန်ပျူတာတွေက သူတို့ကိုယ်နားလည်အောင် ပြုလုပ်နိုင်ပါတယ်။ တကယ်လို့ သင်က ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို ရေးချင်တယ်ဆိုရင် ပထမဆုံး သင်ဟာ သင့်တော်တဲ့ ပရိုဂရမ်းဘာသာစကားတစ်ခုကို သင်ယူရမှာပါ။
ပရိုဂရမ်းမင်းဘာသာစကားတွေဟာ လူတွေပြောတဲ့စကားတွေနဲ့ မတူပေမဲ့လည်း ကွန်ပျူတာတွေနဲ့ အဆက်အသွယ်လုပ်ဖို့အတွက်တော့ ဒါကို အဓိကထားပြီးသုံးရတာပါ၊ ပရိုဂရမ်းမင်းပညာရှင်တွေဟာ ဒီလိုအထူး code တွေကိုအသုံးပြုပြီး အချင်းချင်းဆက်သွယ်နိုင်ပါတယ်။
ပရိုဂရမ်းမင်းဘာသာစကားတွေဟာ ပညာရှင်မဟုတ်တဲ့သူတွေက နားလည်မှာမဟုတ်တဲ့ letters၊ numbers နဲ့ signs တွေကို ကွန်ပျူတာနဲ့ ဆက်သွယ်လို့ရတဲ့ သိသာထင်ရှားတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ code အဖြစ်ပြောင်းလိုက်တာပါ။
ပရိုဂရမ်းမင်းဘာသာစကားတွေရဲ့ အခက်အခဲတွေကတော့ မတူညီပါဘူး၊ ဒီထဲကတချို့ကတော့ ကလေးတွေအတွက် coding သင်ပေးလို့ရလောက်အောင်အထိ အဆင်ပြေပါတယ်။ Logiscool ရဲ့ ကျောင်းသားတွေဟာ ရှုပ်ထွေးတဲ့ ပရိုဂရမ်းဘာသာစကားတွေ (Python၊ C# စသဖြင့်) ကို သင်ယူနိုင်ပါတယ်။ ဒါပေမဲ့လည်း ဒီပရိုဂရမ်းမင်းဘာသာစကားတွေအတွက် ကြိုတင်တတ်မြောက်ထားဖို့တော့ လိုပါတယ်၊ ဒီအတွက်တော့ ကလေးတွေဟာ ပရိုဂရမ်းမင်း holiday camps၊ စာသင်နှစ်တစ်ခုစာကြာမယ့် ကျောင်းချိန်ပြင်ပသင်တန်းများ၊ ဒါမှမဟုတ် workshops မှာ သင်ယူလို့ရနိုင်ပါတယ်။

ကလေးများအတွက် ပရိုဂရမ်းမင်းဘာသာစကားများ
Python ဒါမှမဟုတ် C# လို ပရိုဂရမ်းမင်းဘာသာစကားတွေဟာ numbers၊ letters နဲ့ signs တွေကို အစဥ်လိုက်ဖွဲ့စည်းထားပြီး သီးသန့် logic နဲ့ နည်းတစ်ခုနဲ့တည်ဆောက်ထားတာပါ။ ပရိုဂရမ်းမင်းရဲ့ အဓိကအချက်ကတော့ ဒီနည်းလမ်းတွေကို နားလည်ပြီး ပရိုဂရမ်တစ်ခုတည်ဆောက်ပုံနဲ့ပတ်သက်ပြီး အတွေးအခေါ်အမျိုးမျိုးကို နားလည်စေချင်လို့ပဲဖြစ်ပါတယ်။ သူအလုပ်လုပ်ပုံကို သေချာသိလာတဲ့အခါ သင်ကိုယ်တိုင်လည်း ဒီကာရိုက်တာတွေကို အလွယ်တကူအသုံးပြုပြီး ပရိုဂရမ်းမင်းကို လုပ်နိုင်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ကလေးတွေအတွက် coding ကိုသင်တဲ့အခါ ပထမဆုံးအဆင့်ကတော့ ဒီပရိုဂရမ်းမင်းရဲ့ အံ့မခန်းမှုကို ဖော်ထုတ်ပြီး ကလေးတွေပျော်ရွှင်စေမယ့် ဘာသာစကားတစ်ခုအဖြစ် ပြောင်းလဲပေးခြင်းပဲဖြစ်ပါတယ်။
Logiscool မှာ ပရိုဂရမ်းမင်းအထူးဘာသာစကားဖြစ်တဲ့ StageScript (ပညာရေးအတွက် ဆောင်ရွက်ပေးထားတဲ့ Javascript) ကို အထူးပညာရေးပလက်ဖောင်း Scoolcode မှာ အသုံးပြုထားပါတယ်၊ ကလေးတွေကို coding သင်ကြားဖို့ မတူညီတဲ့ အဆင့် ၃ ခုမှာထည့်ပေးထားတာပါ။ ပထမအဆင့်မှာတော့ အသက်အငယ်ဆုံးကလေးတွေ (အသက် ၆ အထက် ကလေးများ) ပရိုဂရမ်းမင်းအခြေခံကိုသိဖို့ BLOX ကိုမိတ်ဆက်ပေးထားပါတယ်။ BLOX ရဲ့ visual building blocks တွေနဲ့ ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့အဓိကအချက်တွေကို သိသွားနိုင်ပြီး သူတို့ရဲ့ကွန်ပျူတာဂိမ်းတွေကို code ရေးလာနိုင်မှာဖြစ်ပါတယ်။ ကစားရင်း လက်တွေ့လုပ်ရတဲ့ သင်ခန်းစာတွေကြောင့် ဒီသင်ယူမှုဟာ ကလေးတွေအတွက် ပျော်စရာကောင်းတဲ့ သင်ခန်းစာတွေဖြစ်လာမှာပါ။
ကလေးတွေက BLOX အဆင့်ကို တတ်သွားတဲ့အခါ သူတို့ရဲ့အသိပညာတွေကို ဆက်ပြီးချဲ့ထွင်နိုင်ပါတယ်။ StageScript မှာနောက်တစ်ဆင့်ကတော့ MIX ဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင် ကလေးတွေအတွက် coding ကိုထူးခြားတဲ့နည်းနဲ့ သင်ပေးထားပါတယ်၊ visual building blocks နဲ့ text-based programming ဘာသာစကားနှစ်ခုလုံးကို ပေါင်းစပ်ထားတာကို screen မှာတွေ့နိုင်ပါတယ်။ StageScript ရဲ့ တတိယအဆင့်ကတော့ TEXT ဖြစ်ပြီး ရိုးရှင်းတဲ့ text-based programming ကိုအသုံးပြုထားပါတယ်။
Logiscool ရဲ့ ကောင်းမွန်တဲ့ သင်ရိုးညွှန်းတမ်းကြောင့် ကလေးတွေအတွက် coding ကိုသင်ကြားမှုဟာ တကယ့်ကိုဖြစ်နိုင်ခြေရှိတဲ့ ရည်မှန်းချက်တစ်ခုဖြစ်လာပါတယ်။ ကလေးတွေဟာ အသက် ၆နှစ်ကနေ ၉ နှစ်အတွင်းမှာ ပရိုဂရမ်းမင်းအခြေခံအချက်တွေကို စပြီးသင်ယူခဲ့မယ်ဆိုရင် ဆယ်ကျော်သက်အရွယ်တွေကျရင် Python၊ C# တို့လို text-based programming ဘာသာစကားတွေကို သင်ယူဖို့ အသင့်ဖြစ်နေပါပြီ၊
ဒါပေမဲ့လည်း Logiscool မှာတော့ ပရိုဂရမ်ရေးဖို့ နောက်ကျတယ်ဆိုတာ ဘယ်တော့မှမရှိဘူးလို့ ပြောနိုင်ပါတယ်။ အသက် ၁၂ နှစ်ကနေ ၁၄ နှစ်ကြား ကလေးတွေကလည်း ပရိုဂရမ်းမင်းကို visual BLOX နဲ့ သင်ယူနိုင်ပါတယ်။ ကလေးကြီးတွေက IT နဲ့ပတ်သက်ပြီး ဗဟုသုတပိုပြီးရှိတာကြောင့် မိတ်ဆက်အခန်းတွေက သူတို့အတွက်တော့ ပိုပြီးတိုတောင်းပါလိမ့်မယ်။

StageScript
ဒီဘာသာကတော့ Javascript ဖြစ်ပြီး အထက်မှာပြောခဲ့သလိုပဲ ကလေးတွေကို ပရိုဂရမ်းမင်းအခြေခံအချက်တွေ သင်ပေးဖို့ Logiscool ကရည်ရွယ်ထားတဲ့ ပညာရေးတစ်ခုဖြစ်ပါတယ်။ ဒါကို အဆင့် ၃ ဆင့်ဖြစ်တဲ့ BLOX၊ MIX နဲ့TEXT ရှိ အထူးပညာရေးပလက်ဖောင်း Scoolcode မှာ အသုံးပြုထားပါတယ်။ TEXT အဆင့်ကို သင်တဲ့အခါ ကလေးတွေဟာ ရိုးရိုး coding ဘာသာစကားကနေ တကယ့် coding ဘာသာစကားကို ကူးပြောင်းနိုင်ပါတယ်။
Python
ဒီဘာသာစကားရဲသက်တမ်းက (နှစ် ၂၀ ကျော်) အတော်ကြာပြီဖြစ်ပေမဲ့လည်း ကလေးများကို codingသင်ပေးချိန်မှာတောင် နာမည်ကျော် text-based ပရိုဂရမ်းမင်းတစ်ခုဖြစ်နေဆဲပါ။ open-source ပရိုဂရမ်းမင်းဘာသာစကားဖြစ်ပြီး web services၊ machine learning၊ deep-learning applications နဲ့ data structures တို့နဲ့ပေါင်းစပ်ရတာလည်း လွယ်ကူပါတယ်။
Python ကိုအသုံးပြုပြီး 2D imaging၊ 3D animations နဲ့ဗီဒီယိုတွေကို ဖန်တီးနိုင်ပါတယ်။ သိပ္ပံနယ်ပယ်အတွက်တောင် ဒီပရိုဂရမ်းမင်းက အကျိုးပေးပါတယ်၊ Abacus နဲ့ FreeCAD ကလည်း Python ကိုအသုံးပြုထားပြီး သူ့ရဲ့လူကြိုက်များမှုကို ပိုပိုများလာပါတယ်။ သူက ရိုးရှင်းပြီး စွယ်စုံသုံးလို့ရတဲ့အတွက် Python ကို ကလေးများကို coding သင်ပေးဖို့အတွက် ရွေးချယ်ကြတာပါ။

C# (C-sharp)
ကလေးတွေကြားမှာ ရေပန်းအစားဆုံးကတော့ C# ပါ။ အံ့ဩစရာတော့မရှိပါဘူး၊ C# ဆိုတာ Unity နဲ့ Godot ဆိုတဲ့ဂိမ်းအင်ဂျင်ကြီးနှစ်ခုမှာသုံးတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ကလေးတွေဟာ Unity နဲ့ Godot တို့ကနေ ကိုယ်ပိုင် 2D၊ 3D ကွန်ပျူတာဂိမ်းတွေကို ပရိုဂရမ်ရေးနိုင်ပါတယ်။ C# ဟာ object-oriented ပရိုဂရမ်းမင်းဖြစ်တာကြောင့် ကလေးတွေအတွက် coding ကိုသင်ပေးရာမှာ အကောင်းဆုံးဖြစ်လာပါတယ်။
Logiscool မှာ ပညာရေးကို သေချာခိုင်မာတဲ့နည်းနဲ့ ဖွဲ့စည်းထားပြီး ကလေးတွေနဲ့မိဘတွေရဲ့ အကြံပြုချက်တွေအရလည်း အဆက်မပြတ်ပြင်ဆင်ပြောင်းလဲထားပါတယ်။ ဒီနည်းလမ်းရဲ့ အဓိကခံယူချက်ကတော့ အခက်ဆုံးပညာရပ်တွေကိုတောင် နားလည်လွယ်ပြီး ပျော်ပျော်ရွှင်ရွှင်နည်းလမ်းနဲ့ ကလေးတွေကို သင်ပေးလို့ရတယ်ဆိုတာပါပဲ။ ဒီအတွက်လည်း သင့်တော်တဲ့ ပစ္စည်းကိရိယာတွေကို အသုံးပြုထားပါတယ်။
Logiscool က ကလေးတွေဟာ holiday camps၊ကျောင်းချိန်ပြင်ပသင်တန်းများ သို့ workshopsတွေမှာ ပရိုဂရမ်းမင်းကို ရွေးချယ်နိုင်ပါတယ်။ ဒါဆို အကောင်းဆုံး coding ပရိုဂရမ်ကို ကျောင်းပိတ်ရက်အတွက် ဒါမှမဟုတ် ကျောင်းချိန်ပြင်ပသင်တန်းများမှာ သင်ယူဖို့ သင့်ကလေးက အသင့်ဖြစ်နေပြီလား။ သူတို့ကိုယ်ပိုင် ကွန်ပျူတာပရိုဂရမ်တွေနဲ့ဂိမ်းတွေ ဖန်တီးနိုင်ဖို့ ကျွန်တော်တို့ သင်ကြားပေးပါရစေ။ ပိုပြီးသိချင်ရင်တော့ ဒီကို နှိပ်လိုက်ပါ၊ www.logiscool.com