နောက်ဆုံးထွက်ထားတဲ့ ဗီဒီယိုနဲ့ အင်တာဗျူးများ

ကျွန်ုပ်တို့ရဲ့ Python စာမေးပွဲကို အောင်မြင်ပြီးဘွဲ့ရသွားတဲ့ ကမ္ဘာတစ်ဝန်းကသူများ အားလုံးကို ချီးကျူးဂုဏ်ပြလိုက်ပါတယ်!
ကျွန်တော်တို့ရဲ့ နောက်ဆုံး Python စာမေးပွဲအောင်ထားသူတွေကို မကြာသေးမီက ဒီပလိုမာဘွဲ့များပေးအပ်ခဲ့ကြောင်း ဝမ်းသာစွာဖြင့် မျှဝေပေးချင်ပါတယ်။ နှစ်ဝက်စာမေးပွဲ ၃ကြိမ် ဖြေဆိုပြီးချိန်မှာ ကျောင်းသားများဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတကာ Python စာမေးပွဲကို အခမဲ့ဖြေဆိုနိုင်မှာဖြစ်ပြီး စာမေးပွဲကနေ ယုံကြည်ချက်ရှိရှိနဲ့ အလုပ်အကိုင်ဈေးကွက်မှာ တောင်းဆိုနေတဲ့ အရည်အချင်းတွေ ဗဟုသုတတွေ ရရှိမည်ကို အာမခံနိုင်ပါတယ်။ လက်ရှိမှာ Phython နှင့်အဆင့်တူပြီး အခကြေးငွေပေးရသည့် PCEP ဆိုတဲ့ နိုင်ငံတကာစာမေးပွဲတစ်ခုလည်းရှိပါသေးသည်။ Logiscool ၏ ရွေးချယ်စရာများကို ကိုယ့်နိုင်ငံရဲ့ဘာသာစကားအလိုက် ရွေးချယ်နိုင်ပြီး အကြောင်းအရာများစွာ ပါဝင်မှာဖြစ်ပါတယ်။
MyLogiscool အကြောင်း သိထားရမယ့်အရာတွေ
MyLogiscool က ဘာကြောင့်ထူးခြားလဲဆိုတာ သင်သိချင်ပါသလား။ ကျွန်တော်တို့ကို ပြောပြခွင့်ပြုပါ။ ဒီဗီဒီယိုမှာတော့ ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့ လူအဖွဲ့အစည်းအခြေပြုပျော်စရာပညာရေးပလက်ဖောင်းကို ပြသသွားမှာဖြစ်ပြီး ကလေးများဟာ အတန်းချိန်တွေနှင့် အတန်းနားချိန်တွေမှာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းများကို ၂၄ နာရီ ၇ ရက်လုံး အချင်းချင်းမျှဝေပြောပြနိုင်မှာပါ။ ကလေးတွေလိုပဲ သင်တို့လည်း ကျွန်တော်တို့ရဲ့ ပညာရေးပလက်ဖောင်းကို သဘောကျသွားမှာပါ!