BLOX
213
သင့်ကလေးကို အနာဂတ်မှာ အသုံးပြုနိုင်တဲ့ စွမ်းရည်တွေပိုင်ဆိုင်စေချင်ပါသလား။ ဒါဆိုရင် သူတို့ကို လိုအပ်တဲ့ ပရိုဂရမ်းမင်းစွမ်းရည်တွေကို ရိုးရှင်းလွယ်ကူပြီး ဆော့ကစားတဲ့နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့က သင်ကြားပေးပြီး အနာဂတ်မှာ အောင်မြင်သွားအောင် ကူညီပေးပါရစေ။
4+ အတန်းတက်သူများအတွက်
1 x 90 မိနစ်/ ရက်သတ္တပတ်
online, Classroom
မတက်မဖြစ် သင်တန်းများ၊ BLOX 212 သို့ BLOX 221 သင်တန်းများ
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
Code ရေးတာကို လူတိုင်းသင်ယူနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။
ဒီမော်ဂျူးအတွင်းမှာ သင့်ကလေးဟာ visual programming ကို ကျွမ်းကျင်သွားပြီး ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ နည်းပြတွေကြောင့်လည်း ဂိမ်းအမျိုးမျိုးကို ဖန်တီးချိန်နဲ့ ရှုပ်ထွေးတဲ့ပရောဂျက်တွေကို လုပ်ဆောင်နေချိန်မှာ အရင်ကသင်ထားခဲ့တဲ့ coding အကြောင်းကို ပိုမိုနက်နက်ရှိုင်းရှိုင်းသိသွားမှာဖြစ်ပါတယ်။
ဒီမော်ဂျူးအကူအညီနဲ့ ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့အခြေခံအချက်တွေကို ပျော်စရာကောင်းတဲ့နည်းနဲ့ လေ့ကျင့်နိုင်ပြီး ရောင်စုံ blocks တွေကို အသုံးပြုပြီး ပရိုဂရမ်အမျိုးမျိုးကို တည်ဆောက်ကာ သူတို့ရဲ့ visual programming စွမ်းရည်ကို ကျွမ်းကျင်သွားစေမှာပါ။
ဒီမော်ဂျူးပြီးဆုံးသွားရင်တော့ သင့်ကလေးတွေဟာ ပိုပြီးခက်ခဲတဲ့ မော်ဂျူးတွေကိုလေ့လာပြီး ပညာရှင်အဆင့် coding ဖန်တီးနိုင်တဲ့ လမ်းကြောင်းပေါ်ကို ဆက်သွားနိုင်မှာပါ။ နောက်ပြီး ဒီသင်တန်းက coding အပြင် algorithmic နဲ့ analytical thinking တို့လို ဘဝမှာလိုအပ်တဲ့စွမ်းရည်တွေကိုလည်း ရရှိအောင် အထောက်အကူပြုပါတယ်။
သင့်ကလေး ဘာတွေသင်ရမှာလဲ၊
loops၊ basic logic operators၊ conditions၊ if-statements နဲ့ variables တို့ရဲ့အသုံးပြုပုံကို လက်တွေ့လေ့ကျင့်ခြင်း
ဆော့ကစားတဲ့နည်းလမ်းနဲ့ သင်္ချာရဲ့အခြေခံသဘောတရားကို အသုံးချပြီးသီအိုရီကို လက်တွေ့အကောင်အထည်ဖော်ခြင်း
အချင်းချင်းပြောဆိုဆက်ဆံနိုင်တဲ့ ဂိမ်းကာရိုက်တာတွေ ဖန်တီးဖို့ signals ကို အသုံးပြုခြင်း
Clones တွေအသုံးပြုခြင်း၊ game actors ရဲ့ ကိုယ်ပွားတွေကို အသုံးပြုခြင်း
global နဲ့ local variables ကို အသုံးပြုခြင်း
Cartesian coordinate system ကို အသုံးပြုခြင်း
ပရိုဂရမ်တစ်ခုကို စတင်ဖို့ မတူညီတဲ့ အစပြုခြင်းတွေကို အသုံးပြုခြင်း
lists ကိုအသုံးပြုခြင်း
အရောင်းအမျိုးမျိုးအထူးပြုလုပ်ချက်မျာ၊ ဖောက်ထွင်းမြင်ရမှုများ၊ parallax နောက်ခံများကို အသုံးပြုခြင်း
ပြဿနာဖြေရှင်းခြင်းနဲ့ algorithmic thinking
ကိုယ့်ဘာသာယုံကြည်မှု
အာရုံစူးစိုက်မှုနဲ့ တိကျမှု
အာရုံစူးစိုက်ခြင်းနဲ့ ဇွဲရှိခြင်း
ပြောဆိုဆက်ဆံရေး
နည်းပညာအတွက် လိုအပ်ချက်များ
အွန်လိုင်းအတန်းများအတွက်၊ အင်တာနက်ချိတ်ထားတဲ့ လက်တော့ သို့ ကွန်ပျူတာတစ်လုံး၊ Chrome browser၊ မိုက်ခရိုဖုန်းတစ်ခုလိုအပ်မှာပါ။ နားကြပ်နဲ့ webcam လည်းရှိထားသင့်ပါတယ်။
အွန်လိုင်းအတန်းနဲ့ coding အတွက်လိုအပ်တဲ့ software ကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
မရှိမဖြစ်များ
BLOX 212 သို့မဟုတ် BLOX 221 သင်တန်းများ ပြီးဆုံးခြင်း။
4+ အတန်းတက်သူများအတွက်
1 x 90 မိနစ်/ ရက်သတ္တပတ်
online, Classroom
မတက်မဖြစ် သင်တန်းများ၊ BLOX 212 သို့ BLOX 221 သင်တန်းများ
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်