
Digital Discovery
114
ကျွန်ုပ်တို့မိဘများအနေဖြင့် ဒစ်ဂျစ်တယ်ပညာရပ်သည် လက်ရှိနှင့် အနာဂတ်ကို လမ်းပြရာတွင် မရှိမဖြစ်လိုအပ်သည့် ကိရိယာတစ်ခုဖြစ်လာသည်ကို သိထားပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အထူးသင်ရိုးတွင် စိတ်ရောကိုယ်ပါနှစ်မြှုပ်ထားသည့် ကျွန်ုပ်တို့၏နည်းပြများသည် သင့်ကလေးအား ပရိုဂရမ်ရေးဆွဲခြင်းနှင့် AI အခြေခံအချက်များအပါအဝင် ဒစ်ဂျစ်တယ်ကိရိယာများနှင့် အွန်လိုင်းပလက်ဖောင်းများကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ဖြင့် အသိသတိရှိရှိ အသုံးပြုတတ်သူများဖြစ်လာစေရန် ကူညီပေးသွားမှာဖြစ်ပါသည်။ ထိုသို့လုပ်ဆောင်ရာတွင် ကစားသည့်သဖွယ် ပျော်ရွှင်စရာများစွာဖြင့် နားလည်လွယ်ကူသောနည်းလမ်းဖြင့် လုပ်ဆောင်သွားမှာဖြစ်ပါသည်။

2-3အတန်းတက်သူများအတွက်
online, Classroom, 1-on-1
အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ
မတက်မဖြစ် သင်တန်းများ၊ Digital Discovery 113 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
သင့်ကလေးရဲ့ ဒစ်ဂျစ်တယ်စွမ်းရည်တွေကို မြှင့်တင်ပေးလိုက်ပါ။
ကလေးအများစုလိုပဲ သင့်ကလေးသည်လည်း အိမ်ပတ်ဝန်းကျင်တွင်ဖြစ်စေ အပြင်လောကတွင်ဖြစ်စေ လက်ထဲတွင် smart phone သို့မဟုတ် tablet တစ်ခုဖြင့် ကြီးပြင်းလာမှာဖြစ်ပါသည်။ သင့်ကလေးများအား ပိုမိုကောင်းမွန်သော အနာဂတ်ဒစ်ဂျစ်တယ်လောကတစ်ခုသို့ လမ်းပြပေးသွားမည့် အဆိုပါကိရိယာများနှင့် ဝေဖန်ပိုင်းခြားနိုင်သည့်အတွေးအခေါ်များဖြင့် အသင့်ဖြစ်စေလိုက်ပါ။ ဤသင်ရိုးသည် algorithmic thinking (ပြဿနာဖြေရှင်းပုံဖြေရှင်းနည်း)နှင့် ပရိုဂရမ်ရေးဆွဲခြင်း၊ digital content ဖန်တီးမှု၊ အင်တာနက်အသုံးပြုမှုနှင့် စိတ်ချလုံခြုံမှုအပြင် AI ၏ အခြေခံအချက်များကိုပါ သိရှိသွားစေပါမည်။ ထို့အပြင် ဤသင်ရိုးသည် ကလေးများကို ကွန်ပျူတာဟာ့ဒ်ဝဲလ်၊ ဒစ်ဂျစ်တယ်စက်ပစ္စည်းများ၊ robotics များနှင့်လည်း မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါသည်။ ကျွန်ုပ်တို့နှင့်ဆိုလျှင် သင့်ကလေးသည် ဒစ်ဂျစ်တယ်ပညာရေးလမ်းကြောင်းကို ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပြီး မရှိမဖြစ်လိုအပ်သည့်စွမ်းရည်များကိုလည်း ပျော်ရွှင်ဖွယ်ရာနည်းလမ်များဖြင့် သင်ယူတတ်မြောက်သွားမှာဖြစ်သည်။
လိုအပ်ချက်များ
Digital Discovery 113 သင်တန်း ပြီးဆုံးခြင်း။
လိုအပ်တဲ့ software
- in-Logiscool camps အတွက်၊ ပါဝင်တက်ရောက်ရန်အတွက် Google အကောင့်တစ်ခုလိုအပ်ပါတယ်။ လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
- ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်းသင်တန်းတွေမှာပါဖို့ဆိုရင် ကျောင်းသားတိုင်းဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့ ဒါမှမဟုတ် ကွန်ပျူတာတစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံး၊ Google အကောင့်တစ်ခုနဲ့ မောက်စ်တစ်ခုလည်း ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။

2-3အတန်းတက်သူများအတွက်
online, Classroom, 1-on-1
အများဆုံး၊ 12 (အွန်လိုင်း- 6) ပါဝင်သူများ
မတက်မဖြစ် သင်တန်းများ၊ Digital Discovery 113 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်