Game Design
291
game development ကို ပျော်စရာကောင်းကောင်းနဲ့ သင်ယူလိုက်ပါ။ ကျွန်တော်တို့ရဲ့ ထူးခြားတဲ့ ပညာရေးပလက်ဖောင်းအကူအညီနဲ့ သင့်ကလေးကို လွယ်ကူနားလည်လွယ်တဲ့ နည်းနဲ့ ပရိုဂရမ်းမင်းကို မိတ်ဆက်ပေးသွားမှာဖြစ်သလို တစ်ဖက်မှာလည်း ဂိမ်းဒီဇိုင်းတွေအကြောင်းကို သင်ပေးသွားဦးမှာပါ။
4-8အတန်းတက်သူများအတွက်
online, Classroom
မတက်မဖြစ် သင်တန်းများ၊ BLOX 212 သို့ BLOX 221 သင်တန်းများ
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
Code ရေးတာကို လူတိုင်းသင်ယူနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။
သင့်ကလေးက အောင်မြင်တဲ့အနာဂတ်ကိုလှမ်းဖို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း အစပြုချင်နေပြီလို့ သင်ခံစားရပါသလား။ ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ နည်းပြတွေရဲ့အကူအညီနဲ့ ကလေးတွေဟာ visual ကနေ written code တွေကိုသွားနိုင်မှာဖြစ်ပြီး တကယ့် developers ကြီးတွေလို ရှုပ်ထွေးတဲ့ပရောဂျက်တွေကို ပရိုဂရမ်ရေးနိုင်မှာပါ။
ဒီမော်ဂျူးအတွင်း သင့်ကလေးဟာ block-based visual coding ကိုအသုံးပြုပြီး ပိုပြီးဆော့လို့ကောင်းတဲ့ ဂိမ်းတွေကို ဒီဇိုင်းထွင် ဖန်တီးတဲ့နည်းကို သင်ယူရမှာပါ။ အရင်က သင်ခဲ့ဖူးတဲ့ ပရိုဂရမ်းမင်းနဲ့ တခြားစွမ်းရည်တွေကိုပါ အသုံးချရင်း သင့်ကလေးဟာ gaming theories၊ specific game အမျိုးအစားတွေနဲ့ mechanisms တွေကိုလည်း စပြီးသိသွားမှာပါ။
သင့်ကလေးဟာ ပရောဂျက်အမျိုးမျိုးတွေကို ကိုင်တွယ်သွားရမှာဖြစ်တဲ့အပြင် visual coding skills တွေကိုလည်း ကျွမ်းကျင်သွားမှာပါ။ ဒီသင်တန်းပြီးဆုံးသွားရင်တော့ ကလေးတွေဟာ ပိုပြီးခက်ခဲတဲ့ မော်ဂျူးတွေကိုလေ့လာပြီး ပညာရှင်အဆင့် coding နဲ့ ဂိမ်းဒီဇိုင်းတွေကို ဖန်တီးနိုင်တဲ့ လမ်းကြောင်းပေါ်ကို ဆက်သွားနိုင်မှာပါ။ နောက်ပြီး ဒီသင်တန်းက coding အပြင် algorithmic နဲ့ analytical thinking တို့လို ဘဝမှာလိုအပ်တဲ့စွမ်းရည်တွေကိုလည်း ရရှိအောင် အထောက်အကူပြုပါတယ်။
သင့်ကလေး ဘာတွေသင်ရမှာလဲ၊
အရင်က သင်ထားတဲ့ visual programming အသိပညာကို လက်တွေ့လေ့ကျင့်ခြင်း
algorithmic thinking နဲ့ analytical skills ကို ပိုမိုနက်ရှိုင်းစွာသိလာခြင်း
မတူညီတဲ့ gameplay mechanisms၊ dynamics တွေကို နားလည်ပြီး သူတို့ကိုယ်ပိုင်ဂိမ်းတွေမှာ အသုံးချခြင်း
graphics နဲ့ mechanics ကြား ကွာခြားမှုကို သင်ယူခြင်း
game- နဲ့ gamer အမျိုးအစားတွေကို သင်ယူခြင်း
အရည်အသွေးမြင့်ဂိမ်းတွေရဲ့ အဓိကအချက်တွေကို နားလည်စေခြင်း
ဒီလုပ်ငန်းရဲ့ တီထွင်ဖန်တီးမှုကဏ္ဍအကြောင်းကို သင်ယူခြင်း
ပြဿနာဖြေရှင်းခြင်းနဲ့ algorithmic thinking
ကိုယ့်ဘာသာယုံကြည်မှု
အာရုံစူးစိုက်မှုနဲ့ တိကျမှု
အာရုံစူးစိုက်ခြင်းနဲ့ ဇွဲရှိခြင်း
ပြောဆိုဆက်ဆံရေး
ဂိမ်းတွေရဲ့ Consciousness နဲ့ critical view
ဖန်တီးနိုင်စွမ်း
နည်းပညာအတွက် လိုအပ်ချက်များ
အွန်လိုင်းအတန်းများအတွက်၊ အင်တာနက်ချိတ်ထားတဲ့ လက်တော့ သို့ ကွန်ပျူတာတစ်လုံး၊ Chrome browser၊ မိုက်ခရိုဖုန်းတစ်ခုလိုအပ်မှာပါ။ နားကြပ်နဲ့ webcam လည်းရှိထားသင့်ပါတယ်။
အွန်လိုင်းအတန်းနဲ့ coding အတွက်လိုအပ်တဲ့ software ကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
မရှိမဖြစ်များ
BLOX 212 သို့မဟုတ် BLOX 221 သင်တန်းများ ပြီးဆုံးခြင်း။
4-8အတန်းတက်သူများအတွက်
online, Classroom
မတက်မဖြစ် သင်တန်းများ၊ BLOX 212 သို့ BLOX 221 သင်တန်းများ
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်