စပြီးသင်မယ့်သူတွေအတွက် Intensive Programming Camp
တစ်ပတ်တာ ရက်တိုအားလပ်ရက် camp တွင် ကလေးတွေဟာ ပရိုဂရမ်းမင်းရဲ့ အခြေခံသဘောတရားတွေကို သင်ယူရမှာပါ။ variable ကဘာလဲနဲ့ algorithms အလုပ်လုပ်ပုံကို သိရှိသွားမှာဖြစ်ပြီး သူတို့ကိုယ်ပိုင် ခပ်မိုက်မိုက်ဂိမ်းများကိုလည်း ဖန်တီးသွားနိုင်မှာဖြစ်ပါတယ်။
15-18 နှစ်အတွက်
online, Classroom
မရှိမဖြစ်များ၊ none
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
စိတ်လှုပ်ရှားစရာကမ္ဘာအသစ်အတွက် ဖွင့်ပေးလိုက်ပါ။
Scoolcode ဆိုတာ ကလေးတွေအတွက် coding ပျော်ပျော်ရွှင်ရွှင်နဲ့ အလွယ်တကူ သင်ယူနိုင်ဖို့ တီထွင်ထားတဲ့ ကျွန်တော်တို့ရဲ့ အထူးသီးသန့် ပညာရေးပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီထဲမှာ ရွေးချယ်စရာ animated characters နဲ့ dynamic backgrounds တွေပါပြီး တီထွန်ဆန်းသစ်နိုင်စွမ်းကို ရစေပါတယ်။ ပရိုဂရမ်းမင်းဆိုတာ အနာဂတ်အောင်မြင်မှုအတွက် အဓိကသော့ချက်တစ်ခုပါ။ ဒီအခြေခံကို လေ့လာခြင်းအားဖြင့် ကလေးတွေဟာ ဒစ်ဂျစ်တယ်အနာဂတ်မှာ ဘဝရဲ့ ကဏ္ဍမျိုးစုံအတွက် အကျိုးကျေးဇူးရှိစေမယ့် ဗဟုသုတတွေကို တည်ဆောက်နိုင်မှာပါ။
လိုအပ်ချက်များ
ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။
တကယ်လို့ သင့်ကလေးက အရင်တုန်းက Scoolcode coding camp ကိုမသွားဖူးသေးဘူးဆိုရင် ဒီ course ကိုတက်ကြည့်ဖို့ အကြံပြုပါတယ်။
လိုအပ်တဲ့ software
- in-Logiscool camp အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
- ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ ကလေးတွေဟာ အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ လိုအပ်တဲ့ တခြားပစ္စည်းတွေကိုတော့ ကျွန်တော်တို့ဘက်က ပံ့ပိုးပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ခေါင်းဆောင်တွေက camp မဖွင့်ခင်မှာ သင်တို့ကို ဆက်သွယ်ပြီးတော့ software သွင်းပုံသွင်းနည်းကို ပြောပေးသွားမှာပါ။
15-18 နှစ်အတွက်
online, Classroom
မရှိမဖြစ်များ၊ none
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်