Camp များကို စူးစမ်းလေ့လာခြင်း

LEGO Spike ပါသည့် Junior Explorer Camp

ရှာဖွေလေ့လာကြည့်ရုံပါပဲ။ ကလေးများသည် အသက်ငယ်ရွယ်စဥ်တည်းကရှိသည့် သူတို့၏ စိတ်ပါဝင်စားမှုများကို စူးစမ်းရှာဖွေပြီးချဲ့ထွင်နိုင်ပါပြီ။ Minecraft ကအစ robotics အလယ် digital illustration နှင့် AI အဆုံး အမျိုးမျိုးသော စိတ်လှုပ်ရှားစရာကောင်းပြီး ဆန်းသစ်သည့် ဒစ်ဂျစ်တယ်နှင့်ဆိုင်သည့် ခေါင်းစဥ်များကိုလည်း သူတို့နှင့် မိတ်ဆက်ပေးသွားဦးမှာပါ။

LEGO Spike ပါသည့် Junior Explorer Camp

7-9 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

သင့်ကလေး၏ ဒစ်ဂျစ်တယ်လောကထဲ စူးစမ်းရှာဖွေမှုကို အခုပဲ စတင်လိုက်ပါ။

Junior Explorer camp တွင် ကလေးများမှ မည်သည့်ဒစ်ဂျစ်တယ်အကြောင်းအရာကိုစိတ်ဝင်စားသည်ကို သိရှိစေမည့် အခွင့်အရေးတစ်ရပ်ကို ဖန်တီးပေးထားပါသည်။ သူတို့သည် Minecraft တွင် ဂိမ်းရေးခြင်းနှင့် ကမ္ဘာများဖန်တီးခြင်း၊ Lego Spike ဖြင့် စက်ရုပ်များတည်ဆောက်ခြင်း၊ visual programming တို့ကို လေ့လာခြင်းတို့အပြင် digital illustration နှင့် AI တို့ကိုပါ စူးစမ်းနိုင်သည်။ ကျွန်ုပ်တို့ Camp သည် ဒစ်ဂျစ်တယ်သုခဘုံအကြောင်း စူးစမ်းရှာဖွေဖို့ စိတ်အားထက်သန်နေသည့် ငယ်ငယ်ရွယ်ရွယ်ကလေးများအတွက် အထူးသီးသန့်တီထွင်ထားခြင်းဖြစ်ပါသည်။ ကျောင်းပိတ်ရက်အတွက်တင်မကဘဲ ရေရှည်စိတ်ဝင်စားစေမည့် ဝါသနာအသစ်တွေကို သင့်ကလေးရရှိတော့မှာဖြစ်သည့်အတွက် အံ့သြဝမ်းသာရမည့် အခိုက်အတန့်များကိုလက်ခံဖို့ အသင့်ပြင်ထားပါ။

Highlights

digital illustration ၏အခြေခံအချက်များနှင့် လိုဂိုဒီဇိုင်း

ပုံများထုတ်လုပ်ရန်အတွက် AI application

World Painter အသုံးပြု၍ Minecraft ကမ္ဘာများကို ဒီဇိုင်းရေးဆွဲခြင်း

Minecraft တွင် အရာဝတ္ထုများ တီထွင်ခြင်းနှင့် Redstone အသုံးပြုခြင်း၏ အခြေခံအချက်များ

LEGO SPIKE ဖြင့် robot များကို တည်ဆောက်ခြင်းနှင့် ပရိုဂရမ်ရေးခြင်း။

လိုအပ်ချက်များ

ဒီ camp အတွက် ကလေးတွေမှာ ဘာအတွေ့အကြုံမှ မလိုပါဘူး။

လိုအပ်တဲ့ software

Camp အတွက် လိုအပ်သောကိရိယာများအားလုံးကို ကျွန်ုပ်တို့မှ ပံ့ပိုးပေးပါသည်။

LEGO Spike ပါသည့် Junior Explorer Camp

7-9 နှစ်အတွက်

Classroom

မရှိမဖြစ်များ၊ none

MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်

ကလေးများအတွက် နိုင်ငံတကာပညာရေးရပ်ဝန်း
ကျွန်တော်တို့ရဲ့ ကမ္ဘာအဆင့်မီ MyLogiscool community portal မှာ ကျောင်းသားတွေက ရွယ်တူတွေရဲ့ project တွေကို ကြည့်ပြီးစိတ်ခွန်အားတွေရနိုင်ပါတယ်။ သူတို့ဟာ မေးခွန်းတိုလေးတွေ၊ အမှတ်ပေးဂိမ်းတွေ ဉာဏ်စမ်းတွေနဲ့ စိန်ခေါ်မှုတွေကိုပြုလုပ်ရင်း ဗဟုသုတတိုးနိုင်ပါတယ်။ ဒီကျောင်းရဲ့ သင်ခန်းစာတွေက သူတို့ကို အကြိုက်တွေ့စေပြီး ပျော်ရွှင်စေမှာပါ။ နောက်ပြီး Logiscool မှာလုပ်မယ့် ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပွဲတွေကိုလည်း သူတို့ကို အသိပေးသွားဦးမှာပါ။ သင့်ကလေးတွေကို အနာဂတ်ရဲ့ ဘာသာစကားဖြစ်တဲ့ ဒီပညာရပ်ကို သင်ခွင့်ပေးလိုက်ပါ။ Demo Lesson တစ်ခုကို ကြိုတင်စာရင်းပေးပြီး ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ လျို့၀ှက်ချက်တွေကို ရှာဖွေခွင့်ပေးလိုက်ပါ။