MIX
312
သင့်ကလေးက အောင်မြင်တဲ့အနာဂတ်ကိုလှမ်းဖို့ နောက်ထပ်ခြေလှမ်းတစ်လှမ်း အစပြုချင်နေပြီလို့ သင်ခံစားရပါသလား။ ကျွန်တော်တို့ရဲ့ အသင်အပြကောင်းတဲ့ နည်းပြတွေရဲ့အကူအညီနဲ့ ကလေးတွေဟာ visual ကနေ written code တွေကိုသွားနိုင်မှာဖြစ်ပြီး တကယ့် developers ကြီးတွေလို ရှုပ်ထွေးတဲ့ပရောဂျက်တွေကို ပရိုဂရမ်ရေးနိုင်မှာပါ။
5-12အတန်းတက်သူများအတွက်
online, Classroom, 1-on-1
မတက်မဖြစ် သင်တန်းများ၊ MIX 311 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
Code ရေးတာကို လူတိုင်းသင်ယူနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။
ဒီသင်တန်းကာလအတွင်း သင့်ကလေးက text-based၊ written format of programming ကို စပြီးသိရှိသွားမှာပါ။ ကလေးအတော်များများအတွက် visual နဲ့ text-based programming ကြားကအဆင့်က အတော်လေးကို ခက်ခဲပါတယ်။ ဒါပေမဲ့ Mix Programming မှာတော့ visual programming ကနေ ပညာရှင်လိုမျိုး written code ရေးနိုင်တဲ့အထိ လုပ်ဆောင်ပေးသွားပြီး နဲ့သင့်ကလေးရဲ့ coding သိထားမှုတွေက ပိုတိုးသွားစေမှာပါ။
visual coding ကို ကျွမ်းကျင်သွားပြီးရင်တော့ ကလေးတွေကို သူတို့အရင်က သင်ခဲ့ဖူးတဲ့ visual blocks တွေနဲ့အတူ written programming ကို မိတ်ဆက်ပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာတွေနဲ့ ထူးခြားတဲ့နည်းလမ်းတွေက သင့်ကလေးကို coding စွမ်းရည်ကို ဆော့ကစားတဲ့နည်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်သွားဖို့ အာမခံပေးထားပါတယ်။ ဒါတင်သာမက အနာဂတ်မှာလည်း တခြားပရိုဂရမ်းမင်းဘာသာစကားတွေ သင်တဲ့အခါ ပိုပြီးလွယ်ကူသွားစေဦးမှာပါ။
ဒီသင်တန်းပြီးဆုံးသွားရင်တော့ ကလေးတွေဟာ ပိုပြီးခက်ခဲတဲ့ မော်ဂျူးတွေကိုလေ့လာပြီး ပညာရှင်အဆင့် coding ဖန်တီးနိုင်တဲ့ လမ်းကြောင်းပေါ်ကို ဆက်သွားနိုင်မှာပါ။ နောက်ပြီး ဒီသင်တန်းက coding အပြင် algorithmic နဲ့ analytical thinking တို့လို ဘဝမှာလိုအပ်တဲ့စွမ်းရည်တွေကိုလည်း ရရှိအောင် အထောက်အကူပြုပါတယ်။
သင့်ကလေး ဘာတွေသင်ရမှာလဲ၊
သူတို့ပရောဂျက်တွေကို ပရိုဂရမ်ရေးဖို့ written commands ကိုတည်းဖြတ်ပြီး ဖန်တီးခြင်း
do-while loops ကိုမိတ်ဆက်ပေးပြီး loop နေတဲ့အချိန်နဲ့ ဒါကို နှိုင်းယှဥ်သွားမှာပါ။
functions အမျိုးအစားအများအပြားကို သိရှိလာခြင်း
ကမ္ဘာ့ဆွဲငင်အားနဲ့ ပွတ်တိုက်မှုတို့လိုမျိုး physical factors အကြောင်းကို သင်ယူခြင်း
အဆုံးစွန်ထိ ရှာဖွေမှုများ လုပ်ဆောင်ခြင်း၊ certain property ကိုအခြေခံပြီး အနည်းဆုံးနဲ့ အများဆုံးတန်ဖိုးတွေကို တွက်ချက်ခြင်း
loops နဲ့ lists တွေ ညွှန်းခြင်း
linear searches အတွက် algorithms ကိုအသုံးပြုခြင်း
certain property ကို အခြေခံပြီး elements အမျိုးမျိုးကို တူရာစုခြင်း
StageScript programming နဲ့ သူ့ရဲ့ syntaxes တွေကို သိရှိလာခြင်း
ပြဿနာဖြေရှင်းခြင်းနဲ့ algorithmic thinking
ကိုယ့်ဘာသာယုံကြည်မှု
အာရုံစူးစိုက်မှုနဲ့ တိကျမှု
အာရုံစူးစိုက်ခြင်းနဲ့ ဇွဲရှိခြင်း
ပြောဆိုဆက်ဆံရေး
နည်းပညာအတွက် လိုအပ်ချက်များ
အွန်လိုင်းအတန်းများအတွက်၊ အင်တာနက်ချိတ်ထားတဲ့ လက်တော့ သို့ ကွန်ပျူတာတစ်လုံး၊ Chrome browser၊ မိုက်ခရိုဖုန်းတစ်ခုလိုအပ်မှာပါ။ နားကြပ်နဲ့ webcam လည်းရှိထားသင့်ပါတယ်။
အွန်လိုင်းအတန်းနဲ့ coding အတွက်လိုအပ်တဲ့ software ကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
မရှိမဖြစ်များ
BLOX 311 သင်တန်း ပြီးဆုံးခြင်း။
5-12အတန်းတက်သူများအတွက်
online, Classroom, 1-on-1
မတက်မဖြစ် သင်တန်းများ၊ MIX 311 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်