UNITY
423
သင့်ကလေးက ဗီဒီယိုဂိမ်းတွေကို စိတ်ဝင်စားပါသလား။ ဒါဆို သူတို့ကိုယ်တိုင် ဖန်တီးခွင့်ပေးလိုက်ပါလား။ ဒီသင်တန်းပြီးသွားရင်တော့ ကလေးတွေဟာ Angry Birds လိုမျိုးနာမည်ကျော်ဂိမ်းရေးပုံရေးနည်းကို သိသွားရုံတင် မကပါဘူး။ C# programming အခြေခံအချက်တွေနဲ့ virtual realityကိုပါ လေ့လာနိုင်မှာပါ။
13-18 နှစ်အတွက်
online, Classroom, 1-on-1
အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ
မတက်မဖြစ် သင်တန်းများ၊ UNITY 422 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်
တကယ့်ဂိမ်းပညာရှင်တွေရှိတဲ့ နယ်မြေကနေ ကြိုဆိုပါတယ်။
သင်တန်းတက်နေစဥ်မှာပဲ ကျောင်းသားတွေဟာ Temple Run၊ Angry Birds 2 နဲ့ Pokemon GO လိုနာမည်ကြီးဂိမ်းတွေ တီထွင်နေတဲ့ ဂိမ်းလောကကို သိခွင့်ရသွားမှာပါ။ ရိုးရိုး 2D နဲ့ 3D ဂိမ်းတွေရေးရုံနဲ့ပင် ကျောင်းသားတွေဟာ C# programming ထဲက object-oriented programming ကိုလေ့လာခွင့်ရသွားမှာပါ။ သင်တန်းပြီးသွားရင်တော့ virtual reality (VR) အခြေခံအချက်တွေကိုလည်း သိသွားဦးမှာပါ။
သင့်ကလေးက 2D နဲ့ 3D programming ကိုစိတ်ဝင်စားပြီး VR ဂိမ်းတွေကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီသင်တန်းက သူတို့အတွက်ပါပဲ။ ဒီသင်တန်းမှာတော့ ဂိမ်းရေးတဲ့ ပညာရှင်တွေ နေ့စဥ်အသုံးပြုနေတဲ့ Unity နဲ့ C# programming ဘာသာတွေကို သင်ပေးသွားမှာပါ။
အရင်က ပရိုဂရမ်းမင်းဘာသာတစ်ခုခုကို တက်ခဲ့ဖူးပြီး Unity မှာ ဂိမ်းတီထွင်တာကို စမ်းကြည့်ချင်တဲ့ ကျောင်းသားတွေကို ဒီသင်တန်းတက်ဖို့ အကြံပြုလိုပါတယ်။
လိုအပ်ချက်များ
UNITY 422 သင်တန်း ပြီးဆုံးခြင်း။
လိုအပ်တဲ့ software
- in-Logiscool camps အတွက်၊လိုအပ်တဲ့ကိရိယာတွေကို ကျွန်တော်တို့ ပံ့ပိုးပေးထားပါတယ်။
- ကျောင်းက အွန်လိုင်း camp တွေလည်းဖွင့်ပေးထားပါတယ်၊ အွန်လိုင်း camp တွေမှာပါဖို့ဆိုရင် အိမ်မှာ အင်တာနက်ချိတ်ထားတဲ့ လက်တော့တစ်လုံး၊ မိုက်ခရိုဖုန်းတစ်လုံးလည်း ရှိဖို့လိုပါတယ်။ နားကြပ်နဲ့ web ကင်မရာရှိရင် ပိုပြီးတော့ကောင်းပါတယ်။ အွန်လိုင်းအတန်းအတွက် လိုအပ်တဲ့ software ကို ကျွန်တော်တို့က ပံ့ပိုးပေးသွားမှာပါ။
13-18 နှစ်အတွက်
online, Classroom, 1-on-1
အများဆုံး၊ 12 (အွန်လိုင်း- 8) ပါဝင်သူများ
မတက်မဖြစ် သင်တန်းများ၊ UNITY 422 သင်တန်း
MyLogiscool ကို ၂၄/၇ ဝင်ရောက်ခွင့်